ကားလေးတစ်စီး လိုချင်တယ်။ ဝန်ထမ်းဘဝနဲ့ ကားတစ်စီးပိုင်အောင်ဘယ်လိုဝယ်ကြမလဲ?
ကိုယ်ပိုင်ချင်တဲ့ကားကို တဖြည်းဖြည်း ငွေသွင်းရင်း လက်ဝယ်ပိုင်ဆိုင်နိုင်ဖို Car Loan နဲ့ ဝယ်ယူလိုရပါတယ်။
Car Loan ဆိုတာဘာလဲ?
✔️Car Loan ဆိုတာ ကားတစ်စီး ဝယ်ယူဖိုအတွက် ဘဏ် သို့မဟုတ် Finance Company တစ်ခုခု ဆီကနေ အတိုးနှုန်းနဲ့ ချေးယူတဲ့ ချေးငွေတစ်မျိုးပဲ ဖြစ်ပါတယ်။
✔️ဝယ်သူတဲ့သူက ကားတန်ဖိုး၏ တစိတ်တပိုင်းကို စရံငွေ Down Payment အရင်ဆုံးပေးပြီး ကျန်ငွေကို လစဉ်အရစ်ကျစနစ်နဲ့ ပေးချေရမှာပဲ ဖြစ်ပါတယ်။
✔️Car Loan ရဲ့ အရစ်ကျပေးချေပုံ စနစ်ကတော့ ကိုယ်ချိတ်ဆက်တဲ့ Company ပေါ်မူတည်ပြီး Down Payment တွေ လတွေကတော့ သတ်မှတ်ချက်အမျိုးမျိုးရှိနိုင်ပါတယ်။
Car Loan ရဲ့ ယေဘုယျ စနစ်ကတော့
- Down Payment (လက်ငင်းငွေ) – ကားတန်ဖိုးရဲ့ 30% – 50% အထိ ပေးရတတ်ပါတယ်။
- Loan Amount (ချေးငွေပမာဏ) – ကျန်ငွေကို ငွေရေးကြေးရေးကုမ္ပဏီကထုတ်ချေးပါမယ်။
- Interest Rate (အတိုးနှုန်း) – ငွေရေးကြေးရေးကုမ္ပဏီပေါ်မူတည်ပြီး 10% – 30% ဝန်းကျင် ပေးရတက်ပါတယ်။
- Repayment Period (အရစ်ကျကာလ) – 1 နှစ်မှ 3 နှစ်အထိ ရွေးချယ်နိုင်တတ်ပါတယ်။
- Monthly Installments (လစဉ်ပေးချေမှု) – သတ်မှတ်ထားတဲ့ အတိုးနှုန်းနဲ့အညီ ပေးဆောင်သွားရပါမယ်။
Car Loan ရဲ့ အကျိုးကျေးဇူးတွေက ဘာတွေဖြစ်ပါလဲ?
✔️ မိမိလိုချင်တဲ့ကားကို ပိုင်ဆိုင်နိုင်ပါမယ်။
✔️ ကားဝယ်ဖို အချိန်ကြာကြီး ငွေစုထားစရာမလိုပဲ စီးနင်းနိုင်ပါမယ်။
✔️ ကိုယ့်ရဲ့ လစာ အခြေအနေအပေါ်မူတည်ပြီး လစဉ်အရစ်ကျဖြင့် စီမံ ပေးချေနိုင်ပါမယ်။
✔️ ဝန်ထမ်းဘဝနဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်ကားဆိုတဲ့ ပိုင်ဆိုင်မှုလေးတစ်ခုကို ရယူနိုင်မှာပဲ ဖြစ်ပါတယ်။
Down Payment အပြီး ကျန်ငွေပေးချေမှုကို လစဉ် အချိန်မီပေးချေနေမယ်ဆိုရင်တော့ ပြဿနာမရှိပေမယ့် မပေးချေနိုင်ရင်တော့ သတိပေးစာတွေနဲ့အတူ ကားကို ပြန်အသိမ်းခံရနိုင်ပါတယ်နော်။
ကဲ ဝန်ထမ်းဘဝနဲ့ ကိုယ်ပိုင်ကားလေးတစ်စီး အမြန်ဆုံး ပိုင်ဆိုင်နိုင်ဖို အခုပဲ Century Finance ကို ဆက်သွယ်စုံစမ်းနိုင်ပါပြီနော်။
