x
C E n T U R Y
X

ငွေကြေးလိုအပ်ချက်တွေအတွက် ချေးငွေရှာဖွေနေတဲ့အခါ အာမခံထားရမယ့် ချေးငွေ (Secured Loan) အမျိုးအစားဟာ စိတ်ဝင်စားစရာ ရွေးချယ်မှုတစ်ခု ဖြစ်နိုင်ပါတယ်။

အာမခံထားရမယ့် ချေးငွေ ဆိုတာကတော့ ချေးငွေထုတ်ပေးမယ့် ငွေကြေးအဖွဲအစည်းကနေ အာမခံပစ္စည်း တစ်ခုခုကို အပေါင်အဖြစ်ထားပြီးမှ ထုတ်ပေးတဲ့ ချေးငွေအမျိုးအစား ဖြစ်ပါတယ်။

အာမခံထားရတဲ့ ချေးငွေအမျိုးအစားတွေထဲမှာ အသုံးအများဆုံးကတော့-

  • အိမ်ချေးငွေ (Home Loan): အိမ်ခြံမြေကို အာမခံထားရပါတယ်။
  • ကားချေးငွေ (Car Loan): ဝယ်ယူမယ့်ကား ဒါမှမဟုတ် မိမိပိုင်ဆိုင်သော တခြားကားတစ်စီးကို အာမခံထားရပါတယ်။

အာမခံထားရတဲ့ ချေးငွေတွေဟာ ငွေချေးသူအတွက် စွန့်စားရမှုနည်းတဲ့အတွက်ကြောင့် အတိုးနှုန်းပိုသက်သာလေ့ရှိပါတယ်။ အာမခံပစ္စည်းရဲ့တန်ဖိုးအပေါ် မူတည်ပြီး ချေးငွေပမာဏ ပိုများများရရှိနိုင်ပါတယ်။

ဒါဟာ လုပ်ငန်းချဲ့ထွင်ဖို၊ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့၊ မိမိပိုင်ဆိုင်မှု တိုးပွားဖို့ ဒါမှမဟုတ် တခြားလိုအပ်ချက်ကြီးကြီးမားမားတွေအတွက် အထူးသင့်လျော်တဲ့ ချေးငွေအမျိုးအစားပဲ ဖြစ်ပါတယ်။

ချေးငွေဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းချင်ပါက

📞 09251225560    📩 info@centuryfinancecompany.com

  • Share This :
user