x
C E n T U R Y
X

လုပ်ငန်း ချဲ့ထွင်ဖိုပဲဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံမှုအတွက်ပဲဖြစ်ဖြစ် ငွေချေးယူဖို စဉ်းစားတဲ့အခါ ဘဏ္ဍာရေးဆိုင်ရာ အသုံးအနှုန်း (၅) မျိုး ကို သေသေချာချာ နားလည်ထားဖို အရေးကြီးပါတယ်။

ဒီအချက်တွေဟာ သင့်ရဲ့ ငွေချေးယူမှု လုံခြုံရေးနဲ့ ကုန်ကျစရိတ်များအပေါ်  တိုက်ရိုက် သက်ရောက်မှုရှိပါတယ်။

၁။ Principal (မူလချေးငွေ ပမာဏ)

ဒါကတော့ အမှန်တကယ် ချေးယူသည့် ငွေပမာဏဖြစ်ပြီး အတိုးကို ဤပမာဏပေါ်မူတည်၍ တွက်ချက်ပါတယ်။

၂။ Interest Rate (အတိုးနှုန်း)

ချေးငွေအတွက် ပေးဆောင်ရမည့် ကုန်ကျစရိတ်ဖြစ်ပြီး ရာခိုင်နှုန်းဖြင့် ဖော်ပြလေ့ရှိပါသည်။ အတိုးနှုန်း နည်းလေလေ ပြန်ဆပ်ရမည့် စုစုပေါင်းငွေ ပိုနည်းလေလေ ဖြစ်ပါတယ်။

၃။ Term / Tenure (ချေးငွေ သက်တမ်း)

ချေးငွေကို ပြန်လည်ပေးချေရမည့် အချိန်ကာလ (လ/နှစ်) ဖြစ်ပါသည်။ သက်တမ်းရှည်လေလေ လစဉ်အရစ်ကျပမာဏ နည်းနိုင်လေဖြစ်သော်လည်း စုစုပေါင်းအတိုး ပိုများနိုင်ပါတယ်။

၄။ Collateral (အပေါင်ပစ္စည်း/အာမခံပစ္စည်း)

ချေးငွေမဆပ်နိုင်ခဲ့လျင် ငွေချေးသူက သိမ်းယူခွင့်ရှိတဲ့ ပိုင်ဆိုင်မှု (ဥပမာ- အိမ်၊ ကား) ဖြစ်ပါတယ်။ အပေါင်ပစ္စည်း ပါရှိပါက အတိုးနှုန်း ပိုမိုသက်သာနိုင်ပါတယ်။

၅။ Credit History (အကြွေးမှတ်တမ်း)

ယခင်ငွေချေး မှတ်တမ်းကောင်း၊ ပြန်ဆပ်နိုင်စွမ်းနှင့် ဘဏ္ဍာရေးစည်းကမ်းလိုက်နာမှုကို ဖော်ပြသော မှတ်တမ်းဖြစ်ပါတယ်။ Credit History ကောင်းလေလေ၊ ပိုကောင်းတဲ့ အတိုးနှုန်းနဲ့ ချေးငွေ အခွင့်အရေးတွေ ရရှိနိုင်လေလေ ဖြစ်ပါတယ်။

ဒီအခြေခံ (၅) ချက်ကို သေချာနားလည်မှသာ ကိုယ့်လုပ်ငန်းအတွက် အကောင်းဆုံးနဲ့ အန္တရာယ်ကင်းတဲ့ ချေးငွေကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

ချေးငွေဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းချင်ပါက

📞 09251225560

📩 info@centuryfinancecompany.com

  • Share This :
System Admin