x
C E n T U R Y
X

အာမခံပစ္စည်းတစ်ခုခုကို ယူပြီး  ချေးငွေထုတ်ပေးခြင်းကို အာမခံချေးငွေ (Secured Loan) လိုခေါ်ပါတယ်။

✔️ဒီချေးငွေအမျိုးအစားမှာ ချေးငွေယူချင်တဲ့အခါ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ပစ္စည်းတစ်ခုခု ဥပမာ (အိမ်ခြံမြေ၊ ကား) ကို အာမခံအဖြစ်သတ်မှတ်ပြီး ပေးထားရပါတယ်။

✔️ငွေချေးသူဘက်က ငွေချေးမယ့်အဖွဲအစည်းကို တန်ဖိုးရှိတဲ့ပစ္စည်းတစ်ခုခုကို အာမခံ Collateral အဖြစ်သတ်မှတ်ပြီး ချေးငွေလက်ခံရတာမျိုးပါ။

✔️ပစ္စည်းတစ်ခုကိုအာမခံအဖြစ် ထားပြီးပြီဆိုရင်တော့ အာမခံပစ္စည်းတန်ဖိုး၏ ရာခိုင်နှုန်းတစ်ခုနှင့် ညီမျှသော ပမာဏကို သတ်မှတ်ထားတဲ့ အတိုးနှုန်းနဲ့ ချေးယူလိုရပါတယ်။

အာမခံချေးငွေများစွာရှိသည့်အနက်မှ လူသိများသော အာမခံချေးငွေအမျိုးအစားတွေကတော့

1. အိမ်ခြံမြေအာမခံချေးငွေ

2. ကားအာမခံချေးငွေ အစရှိတဲ့ ချေးငွေအမျိုးအစားတွေပဲ ဖြစ်ပါတယ်။

Secured Loan ရဲ့ အားသာချက်တွေက

1. အာမခံပစ္စည်းမပါသော ချေးငွေအမျိုးအစားများထက် အတိုးနှုန်းနည်းခြင်း။

2. ချေးငွေပမာဏ ပိုများများရနိုင်ခြင်း။

Secured Loan ချေးတော့မယ်ဆိုရင်သတိထားရမယ့်အချက်ကတော့

✔️အချိန်မှန် ချေးငွေမပြန်ဆပ်နိုင်တဲ့အခါ ကိုယ့်ရဲ့ အာမခံပစ္စည်းကို ဆုံးရှုးနိုင်ပါတယ်။

ကဲ အခုလောက်ဆို အာမခံချေး‌ငွေလိုခေါ်တဲ့ Secured Loan အကြောင်း အကြမ်းဖျင်း သိရှိလောက်ပြီထင်ပါတယ်နော် စိတ်ချယုံကြည်ရတဲ့ချေးငွေ အမျိုးအစားစုံစုံလင်လင်ကို တစ်နေရာတည်းမှာ သိရှိနိုင်ဖို အခုပဲ Century Finance ကို ဆက်သွယ်လိုက်ပါ။

  • Share This :
System Admin