ငွေအပြည့်မချေဘဲ ပစ္စည်းပိုင်ဆိုင်ခွင့်ရစေမယ့် “Hire Purchase” အကြောင်း သိကောင်းစရာ။
Hire Purchase ဆိုတာ ဘာလဲ?
Hire Purchase ကို မြန်မာလို အငှားဝယ်စနစ်လို ခေါ်နိုင်ပါတယ်။
ဒီစနစ်ဟာ ကုန်ပစ္စည်းတစ်ခုရဲ့ တန်ဖိုးကို တစ်ပြိုင်တည်း ငွေအပြည့်မချေဘဲ၊ ကနဦး စရံငွေ ပေးသွင်းပြီး ကျန်ရှိတဲ့ တန်ဖိုးကို သတ်မှတ်ထားတဲ့ကာလအတွင်း အရစ်ကျ (Installment) ပေးချေသွားတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။
ပုံမှန်ဆိုရင် ကား၊ ဆိုင်ကယ်၊ စက်ပစ္စည်းကြီးများ၊ အိမ်သုံးပစ္စည်း စတဲ့ တန်ဖိုးကြီးပစ္စည်းများ ဝယ်ယူရာမှာ ဒီစနစ်ကို အသုံးပြုလေ့ရှိပါတယ်။
Hire Purchase (HP) ရဲ့ အဓိက သဘောတရား
HP ရဲ့ အဓိက ထူးခြားချက်ကတော့ ဝယ်ယူသူအနေနဲ့ ပစ္စည်းကို စရံပေးပြီး အသုံးပြုခွင့်ရပေမဲ့၊ ပစ္စည်းရဲ့ Legal Ownership ဟာ အရစ်ကျငွေအားလုံး အကြေမဆပ်မချင်း ချေးငွေထုတ်ပေးတဲ့ ငွေရေးကြေးရေးကုမ္ပဏီမှာပဲ ရှိနေတာပါ။
အရစ်ကျပေးသွင်းနေတဲ့ ကာလမှာ ပေးတဲ့ငွေကို ပစ္စည်းကို ငှားရမ်းခ သဘောမျိုးအဖြစ် သတ်မှတ်ပါတယ်။
နောက်ဆုံးအရစ်ကျငွေကို အောင်မြင်စွာ ပေးချေပြီးမှသာ ပစ္စည်းရဲ့ ပိုင်ဆိုင်မှုဟာ ဝယ်ယူသူဆီကို လုံးဝ လွှပြောင်းရောက်ရှိလာမှာ ဖြစ်ပါတယ်။
ချေးငွေဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းချင်ပါက
📞 09251225560 📩 info@centuryfinancecompany.com
#Century_Finance #ချေးငွေဝန်ဆောင်မှု
