Credit History အကြောင်း သိကောင်းစရာ
Credit History ဆိုတာ ငွေကြေးချေးယူခဲ့တာတွေကို မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။
ဒီမှတ်တမ်းကို ကြည့်ပြီး ဘဏ် (သိုမဟုတ်) ငွေရေးကြေးရေးကုမ္ပဏီက Financial Reliability ရှိမရှိ ဆုံးဖြတ်ကြပါတယ်။
ပိုက်ဆံ မှန်မှန်ပြန်ဆပ်ခြင်းရဲ့ အကျိုးကျေးဇူးများ
Credit History ကောင်းမွန်စေဖိုအတွက် ငွေချေးငှားတဲ့အခါတိုင်း ပိုက်ဆံကို သတ်မှတ်ရက်အတွင်း အပြည့်အဝ မှန်မှန်ပြန်ဆပ်တာဟာ အောက်ပါ အကျိုးကျေးဇူးတွေကို ရစေနိုင်ပါတယ်။
၁။ ချေးငွေ ပိုမိုလွယ်ကူစွာ ရရှိခြင်း
Credit History ကောင်းနေရင် ဘဏ် (သိုမဟုတ်) ငွေရေးကြေးရေးကုမ္ပဏီတွေက ငွေချေးပေးဖို ဝန်မလေးကြပါဘူး။ Mortgage ၊ Car Loan ၊ Personal Loan တွေကို လျှောက်ထားတဲ့အခါ အတည်ပြုချက်ရရှိဖို လွယ်ကူစေပါတယ်။
၂။ အတိုးနှုန်း သက်သာစွာ ရရှိခြင်း
Credit History ကောင်းတဲ့သူတွေဟာ ဘဏ် (သိုမဟုတ်) ငွေရေးကြေးရေး ကုမ္ပဏီတွေဆီကနေ ပိုမိုသင့်တင့်တဲ့အတိုးနှုန်းကို ကမ်းလှမ်းခံရနိုင်ခြေများပါတယ်။ ဒါဟာ ချေးငွေတစ်ခုလုံးအတွက် ပေးရမယ့် စုစုပေါင်းငွေပမာဏကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။
၃။ အာမခံကြေး သက်သာခြင်း
အချိုနိုင်ငံတွေမှာ Car Insurance ၊ Home Insurance ကုမ္ပဏီတွေက သင့်ရဲ့ Credit History ကို ကြည့်ပြီး အာမခံကြေးကို သတ်မှတ်တတ်ပါတယ်။ မှတ်တမ်းကောင်းရင် အာမခံကြေး သက်သာစွာ ပေးဆောင်ရနိုင်ပါတယ်။
ချေးငွေဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းချင်ပါက
📞 09251225560
📩 info@centuryfinancecompany.com
#Century_Finance
#ချေးငွေဝန်ဆောင်မှု
